S&M ရဲ့ writer Nabi နှငိ့ ခဏတာ.... Interview
မေး...ပထမဆုံး အမ ရဲ့ DS name လေး ပြောပြပေးပြီး S&M stories မှာ တာဝန်ယူထားတဲ့ အပိုငိးလေးပြောပေးပါ။
-DS Name ကတော့ Nabi ပါ
S&M မှာ Main Writer အနေနဲ့ ဇာတ်လမ်း တွေရေးနေပါတယ်
မေး...ဘယ်အချိန်က စပြီး တာဝန်ယူဖြစ်တာလဲ၊ ဘယ်လို အကြောင်းမျိုး နဲ့ ဆက်စပ်မိသွားတာလဲ။
-Beginner လွင်ပြင်မှာ တင်ဖို့ အတွက် မနှင်း ဆီမှာ ဇာတ်လမ်း အတိုလေး ပို့ပေးရင်း စဖြစ်ခဲ့တာပါ
အဲ့ကထဲကစပြီး အားတဲ့အချိန် ဇာတ်လမ်း တေွဆက်တိုက် ရေးဖြစ်နေပြီးတော့
ဇာတ်လမ်းတိုင်းကို စိတ်ရှည်လက်ရှည် နဲ့ဖတ်ပေးပြီး လိုအပ်ချက်တွေ ထောက်ပြီး အကြံပေးတက်တဲ့ မနှင်း ရဲ့ သင်ကြားပေးမှုတွေနဲ့အတူ ယခုထိ ဆက်ရေးနေဆဲပါ
မေး..တင်ဆက်ခဲ့တဲ့ ဇာတ်လမ်းတွေ ထဲမှာ အကြိုက်ဆုံး နဲ့ အမှတ်တရ အဖြစ်ဆုံး ဇာတ်လမ်း ရှိရင်လည်း ပြောပြပေးပါအုန်း။
-အကြိုက် ဆုံးကတော့ "ဝဠ်ကြွေးများရှိလျှင်ကျေစေသော်" ပါ
Ending ပိုင်းကို အရမ်းအားရပြီးတော့ ရေးဖူးသမျှ စာအုပ်တွေထဲအကြိုက်ဆုံးပါဘဲ
-အကုန်ကြိုက်ပေမဲ့ GL ဇာတ်လမ်းတွေကိုပိုသဘောကျပါတယ်
မေး..S&M stories ကို ကိုယ်ရဲ့ ပုဂ္ဂလိက အမြင်ေလး ပြောပြပေးပါအုန်း၊
- S & M ရဲ့ ဇာတ်လမ်း တွေက ပုံစံမျိုးစုံရှိတာမလို့ ဇာတ်လမ်းတိုင်းက စိတ်ဝင်စားစရာကောင်းပါတယ်
ပြီးတော့ ဒီလို ဇာတ်လမ်း
တွေကိုအမြဲတမ်း တင်ဆက်ပေးဖို့ ကြိုးစားနေတဲ့ S & M Team ကိုလဲ လေးစားပြီးကျေးဇူးတင်ရပါတယ်
မေး..Planning လေးတွေ ရော ပြောပြလို့ရလား။
-Plan ကတော့ တစ်ခါမှမရေးဖူးသေးတဲ့အသစ်အသစ်လေးတွေ စမ်းပြီးရေးကြည့်မယ်လို့ တော့တွေးထားပါတယ်
(မနှင်းအကြိုက် ကြမ်းကြမ်းလေးတွေ)
ကွင်းနဲ့ဟာလေးမထည့်နဲ့နော် စတာ နော် 😅
မေး..S&M stories channel ရဲ့ subscribers တွေကို ဘာတွေများ ပြောချင်လဲ။
-S&M ကို အားပေးနေကြတဲ့သူတွေတိုင်းကို ကျေးဇူးတင်ပါတယ်
နောက်ကိုလဲ ပိုကောင်းတဲ့ စာအုပ်တွေ ဖန်တီးပေးနေအုန်းမှာမလို့ ဝင်ရောက် ဖတ်ရှုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ရှင်



Comments
Post a Comment