S&M ရဲ့ Financial Admin တစ်ယောက် ဖြစ်တဲ့ Zar နှငိ့ ခဏတာ.... Interview
ပထမဆုံး အမ ရဲ့ DS name လေး ပြောပြပေးပြီး S&M stories မှာ တာဝန်ယူထားတဲ့ အပိုငိးလေးပြောပေးပါ။ ကျမက ဇာ ပါ (Sirethena နာမည်နဲ့ ဇာတ်လမ်း အနည်းအကျဉ်းရေးပါတယ်) ဇာ က S&M ရဲ့ Financial Admin အဖြစ် ငွေကြေးကိစ္စ စီမံ ခြင်းနှင့် Subscriptions Fee သွင်းတဲ့သူတွေ Gmail Access ရရှိအောင် လုပ်ဆောင်ပေးတဲ့ နှစ်ပိုင်း ကို တာဝန်ယူထားပါတယ် ဘယ်အချိန်က စပြီး တာဝန်ယူဖြစ်တာလဲ၊ ဘယ်လို အကြောင်းမျိုး နဲ့ ဆက်စပ်မိသွားတာလဲ။ ၁နှစ်ကျော် ၂နှစ်နီးပါး ရှိပါပီ Channel ရဲ့ monthly income change ပေးဖို့ ကူညီရင်းနဲ့ မနှင်း ဆီ ဆက်စပ်မိတာပါ တင်ဆက်ခဲ့တဲ့ ဇာတ်လမ်းတွေ ထဲမှာ အကြိုက်ဆုံး နဲ့ အမှတ်တရ အဖြစ်ဆုံး ဇာတ်လမ်း ရှိရင်လည်း ပြောပြပေးပါအုန်း။ " လှပသော ကလဲ့စား ဇာတ်လမ်း "ကို ဇာတ်အိမ်တည်ပေးဖို့ မနှင်းနဲ့ စကားပြောရာကနေ Sirethena ဖြစ်လာစေခဲ့တယ်လို့ ထင်ပါတယ် (တော်တော်လည်း ပွဲဆူခဲ့တဲ့ အပုဒ်လေး) " အကျဉ်းစံတို့၏ဇာတ်လမ်းများ (မြဖြူ) " ကတော့ တကယ့်အကြိုက်ဆုံးပါ ...